Myanmar Bijin Business Co., Ltd. (MBB) သည် ဂျပန်နိုင်ငံသို့ အလုပ်သင် သင်တန်းသားနှင့် ကျွမ်းကျင်အလုပ်သမားများ စေလွှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ဂျပန်ဘက်မှ အလုပ်သင် သင်တန်းသားများနှင့် ကျွမ်းကျင်အလုပ်သမားများကို လက်ခံသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး နှစ်နိုင်ငံစလုံးမှ ယုံကြည်စိတ်ချရသော စေလွှတ်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် မြန်မာနှင့် ဂျပန်ကြား ပေါင်းကူးတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်ပါမည်။

  • ရန်ကုန်မြို့ရှိ ဂျပန်ဘာသာကျောင်းများနှင့် လုပ်ငန်းနယ်ပယ်အသီးသီးရှိ ကုမ္ပဏီများနှင့် လူ့စွမ်းအားအရင်းအမြစ်ကွန်ရက်ကို အသုံးပြု၍ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်လိုစိတ် မြင့်မားသော လူသားအရင်းအမြစ်များကို စုဆောင်း၍ စေလွှတ်ခြင်းကို လုပ်ကိုင်နေပါသည်။
  • ဂျပန်သို့မသွားမီ ဂျပန်ဘာသာစကားကို သင်ကြားပေးခြင်း
  • သင်တန်းသား ခေါ်ယူမှုမှသည် ဂျပန်နိုင်ငံသို့ ဝင်ရောက်မှုအထိ ဂရုတစိုက် ပံ့ပိုးပေးသွားခြင်း
  • အထွေထွေအလုပ်အကိုင်များအတွက် သင့်လျော်သောသင်တန်းများကို ရန်ကုန်မြို့ရှိ သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများတွင် သင်ကြားပေးခြင်း
  • အင်တာဗျူးဖြေဆိုရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်း
  • အင်တာဗျူးအောင်မြင်ပြီးနောက် လျှောက်ထားသူများအား လုပ်ငန်းခွင်အတွက်လိုအပ်သည်များကို လေ့ကျင့်သင်ကြားရေးကျောင်းများသို့ ပို့ဆောင်၍ လေ့လာသင်ကြားစေခြင်း
  • MBB မှာရှိသော သင်တန်းသားများအတွက်လည်း နောက်လာမည့်အခွင့်အလမ်းများကို ဦးစားပေးထားရှိပေးခြင်း

ဂျပန်စာကို စိတ်ပါဝင်စားမှုနှင့် စိတ်အားထက်သန်မှု မြင့်မားစွာဖြင့် သင်ယူနေကြပုံ

အလုပ်လျှောက်ထားသူအား အလုပ်အင်တာဗျူးမစမီ ရှင်းလင်းတင်ပြနေပုံ

မိတ်ဖက်ကုမ္ပဏီများ၊ သင်တန်းကျောင်းများတွင် လေ့လာသင်ယူနေပုံ

ဂျပန်အဖွဲ့အစည်းဘက်မှ သင်တန်းကျောင်းသို့ လာရောက်လေ့လာနေပုံ

ဂျပန်နိုင်ငံသို့ ဝင်ရောက်ပြီးနောက်တွင်ပင် သင်တန်းသားများ၏ လုပ်ငန်းခွင်အခြေအနေကို ပုံမှန်စစ်ဆေးပြီး နေ့စဉ်ဘဝနှင့်ပတ်သက်သည့် အကြံဉာဏ်များပေးခြင်းဖြင့် ပြဿနာများမဖြစ်ပွားစေရန် တားဆီးထားပါသည်။ ပြဿနာများဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများတွေ့ရှိပါက သင်တန်းသားများအား အကြံဉာဏ်ပေးရုံသာမက ဂျပန်ဘက်မှ အဖွဲ့အစည်းနဲ့ ချိတ်ဆက်မျှဝေကာ အဖြေရှာနိုင်ရန် လက်တွဲလုပ်ဆောင်ပါသည်။

Team Of MBB

ကျွန်ုပ်တို့၏အဖွဲ့သည် ပိုမိုကောင်းမွန်သောကမ္ဘာတစ်ခုတည်ဆောက်ရန်နှင့် သင့်အား ကောင်းမွန်သောဝန်ဆောင်မှုများအား သေချာစွာရရှိစေရန် ကူညီဆောင်ရွက်ပေးနေပါသည်။

fotor 2023 4 25 15 9 5 e1683012138261

အိအိမင်း

Managing Director

18 e1682413028452

စုပြည့်စုံအောင်

Executive Director

viber image 2023 05 04 17 09 59 946

ဦးမြတ်သီလ

Advisor

(Kyushu Myanmar Friendship Association)