Myanmar Bijin Business Co., Ltd. (MBB) သည် ဂျပန်နိုင်ငံသို့ အလုပ်သင် သင်တန်းသားနှင့် ကျွမ်းကျင်အလုပ်သမားများ စေလွှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ဂျပန်ဘက်မှ အလုပ်သင် သင်တန်းသားများနှင့် ကျွမ်းကျင်အလုပ်သမားများကို လက်ခံသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး နှစ်နိုင်ငံစလုံးမှ ယုံကြည်စိတ်ချရသော စေလွှတ်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် မြန်မာနှင့် ဂျပန်ကြား ပေါင်းကူးတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်ပါမည်။
ဂျပန်စာကို စိတ်ပါဝင်စားမှုနှင့် စိတ်အားထက်သန်မှု မြင့်မားစွာဖြင့် သင်ယူနေကြပုံ
အလုပ်လျှောက်ထားသူအား အလုပ်အင်တာဗျူးမစမီ ရှင်းလင်းတင်ပြနေပုံ
မိတ်ဖက်ကုမ္ပဏီများ၊ သင်တန်းကျောင်းများတွင် လေ့လာသင်ယူနေပုံ
ဂျပန်အဖွဲ့အစည်းဘက်မှ သင်တန်းကျောင်းသို့ လာရောက်လေ့လာနေပုံ
ဂျပန်နိုင်ငံသို့ ဝင်ရောက်ပြီးနောက်တွင်ပင် သင်တန်းသားများ၏ လုပ်ငန်းခွင်အခြေအနေကို ပုံမှန်စစ်ဆေးပြီး နေ့စဉ်ဘဝနှင့်ပတ်သက်သည့် အကြံဉာဏ်များပေးခြင်းဖြင့် ပြဿနာများမဖြစ်ပွားစေရန် တားဆီးထားပါသည်။ ပြဿနာများဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများတွေ့ရှိပါက သင်တန်းသားများအား အကြံဉာဏ်ပေးရုံသာမက ဂျပန်ဘက်မှ အဖွဲ့အစည်းနဲ့ ချိတ်ဆက်မျှဝေကာ အဖြေရှာနိုင်ရန် လက်တွဲလုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့၏အဖွဲ့သည် ပိုမိုကောင်းမွန်သောကမ္ဘာတစ်ခုတည်ဆောက်ရန်နှင့် သင့်အား ကောင်းမွန်သောဝန်ဆောင်မှုများအား သေချာစွာရရှိစေရန် ကူညီဆောင်ရွက်ပေးနေပါသည်။
(Kyushu Myanmar Friendship Association)